ကသာ အောက်တိုဘာ ၂

 

စစ်ကိုင်းတိုင်းဒေသကြီးရှိ ကသာအကျဉ်းထောင်တွင် အချုပ်သား၊ အချုပ်သူများ၏ ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်းအခမ်းအနားကို အောက်တိုဘာ (၁)ရက်ညနေ (၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အချုပ်သား၊ အချုပ်သူပေါင်း(၅၂)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားတွင် ကသာအကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်၊ ကသာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဖေ၊ ကသာအကျဉ်းထောင်ဒုတိယတာဝန်ခံအရာရှိ ဦးသက်မျိုးခိုင်နှင့် အင်းရွာနယ်မြေရဲစခန်းမှ ရဲစခန်းမှူး ရဲအုပ်နေလင်းထွန်း တို့က အချုပ်သား၊ အချုပ်သူများနှင့် တွေ့ဆုံပြီး အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။ ထို့နောက် ကသာအကျဉ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်- ၁၇၂/၂၀၂၁ အရ ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်းခံရသည့် အချုပ်သား (၅၁)ဦးနှင့် အချုပ်သူ(၁)ဦး၊ စုစုပေါင်း(၅၂)ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း ကသာအကျဉ်းထောင် တာဝန်ခံအရာရှိထံ မှ သိရသည်။

 

ခရိုင်(ပြန်/ဆက်)