ထန်းတပင် အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီးဌာနမှ တာဝန်ရှိသူများသည် အောက်တိုဘာ (၁)ရက် နံနက်ပိုင်းက ထန်းတပင်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိ ကျေးရွာကော်မတီဝင်များအား လမ်းညွှန်မှာကြားခဲ့သည်။
ထန်းတပင်မြို့နယ်အတွင်းရှိ ကျောက်ကုန်းကျေးရွာ၊ သဖန်းချောင်ကျေးရွာတွင်နှင့် ဇရပ်ကြီး(လမင်းသာ) ကျေးရွာတို့တွင် ၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေများဖြင့် တွင်းနက်တူးဖော်ခြင်း၊ ရေစက်ရုံ၊ ရေကန်တည်ဆောက်ခြင်း၊ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်လုပ်ကိုင်ခဲ့ရာ ယခုအခါ အဆိုပါလုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)