မော်လမြိုင်   အောက်တိုဘာ   ၂

           

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက် ပြည်နယ်သာသနာ့ ဗိမာန်တော်၌ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားကို  ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ   မွန်ပြည်နယ်ဝန်ကြီးချုပ်   ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ   တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်မိန့်ခွန်းပြောကြားပေးပြီး အဘိုး၊ အဘွားများအား  ဘိုးဘွားကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကြသည်။   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်  ပြည်နယ်ဝန်ကြီးများက  အဘိုး၊ အဘွားများအား ဂါရဝလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

မွန်ပြည်နယ်အတွင်းရှိ   သက်ကြီး ဘိုး၊ ဘွား   ၁၆၅  ဦးနှင့် အသက် အကြီးဆုံး ဘိုး၊ ဘွား၂ဦး စုစုပေါင်း ၁၆၇ ဦးတို့အတွက် ငွေကျပ် ၈,၇၀၀,၀၀၀ နှင့် ကြက်ခြေနီမှ  ငွေကျပ် ၂,၁၇၁,၀၀၀  တန်ဖိုးရှိ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၁၀,၈၇၁,၀၀၀  ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

  

ဇာဖြူဝင်း(ပြန်/ဆက်)