အောက်တိုဘာ ၂
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၄၃၅၄ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ယနေ့မနက်ပိုင်းတွင် ရောဂါကူးစက်ခံရသူပေါင်း ၃၃၇၉၁၀၆၁ ဦး အထိမြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်း သေဆုံးသူ ၂၃၄ ဦး ရှိရာ သေဆုံးသူပေါင်း ၄၄၈၅၇၃ ဦး ရှိလာသည်။
ထပ်မံရောဂါကူးစက်ခံရမှုနှင့်သေဆုံးမှုအများစုသည် တောင်ပိုင်း ကီရာလာပြည်နယ်မှဖြစ်သည်ဟု ဆိုသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရဆဲလူနာ ၂၇၃၈၈၉ ဦးရှိသည်ဟု သိရသည်။
လက်ရှိအချိန်ထိ ဆေးကုသမှုခံယူပြီး ဆေးရုံများမှဆင်းခွင့်ရှိသူ ၃၃၀၆၈၅၉၉ ဦး ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို