အောက်တိုဘာ ၂
မော်ရိုကိုနိုင်ငံတွင် လာမည့်ရက်များအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် ထိုးနှံမှုစတင်လုပ်ဆောင်တော့မည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံကထုတ်လုပ်သော Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအသုတ်ရောက်ရှိခဲ့ပြီးနောက် ဇန်နဝါရီ ၂၈ ရက်က နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု စတင်ဆောင်ရွက်ခဲ့သည်။
ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၂၂၇၁၉၀၈၆ ဦး ရှိပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၁၉၁၉၇၉၁၆ ဦး ရှိသည်။
ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၃၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၃၄၀၀၇ ဦး ရှိသည်။
အဆိုပါ ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် ၂၃ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၁၄၂၉၀ ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို