ဝက်လက် အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ အခြေခံစားသောက်ကုန်လေးမျိုးကို ဝက်လက်မြို့နယ် အမှတ် ၂ ရပ်ကွက်နေ ဦးစောမောင်၊ ဒေါ်လှဝိုင်း မိသားစုတို့မှ မိမိတို့ နေအိမ်ရှေ့တွင် အောက်တိုဘာ ၂ ရက် နေ့လယ်မှ စတင်၍ အိမ်ထောင်စု ၁၂၀၀ ထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ကိုဗစ် - ၁၉ ကာလ အတွင်း လိုအပ်သူများကို ကူညီပေးနိုင်ရန်အတွက် မြို့ပေါ် ရပ်ကွက်များတွင် စားဝတ်နေရေး ခက်ခဲသော အခြေခံလူတန်းစား အိမ်ထောင်စု စာရင်းများကို ကြိုတင်စာရင်း ကောက်ယူ ပြုစုခဲ့ရာ အမှတ် ၁ ရပ်ကွက်မှ အိမ်ထောင်စု ၄၀၀၊ အမှတ် ၂ ရပ်ကွက်မှ အိမ်ထောင်စု ၄၀၀၊ အမှတ် ၃ ရပ်ကွက်မှ အိမ်ထောင်စု ၄၀၀ စုစုပေါင်း အိမ်ထောင်စု ၁၂၀၀ ရှိပြီး အဆိုပါ အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက် လှူဒါန်းပေးအပ်ခဲ့သည်။
ထောက်ပံ့ ပေးအပ်သော အခြေခံစားသောက်ကုန်များမှာ အိမ်ထောင်စု တစ်စုလျှင် ဆန် ၂ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၁ ပိဿာ၊ ကြက်သွန် ၁ပိဿာ ကို လက်ဝယ် အရောက် ပေးအပ်ရာတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက် လူစု၊ လူဝေး မဖြစ်စေရန် တစ်ဦးနှင့် တစ်ဦး ၆ ပေ အကွာ တန်းစီ၍ နှာခေါင်းစည်း Mask တပ်ဆင်စေပြီးမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးစိုးလှိုင် (ဝက်လက်)