ခန္တီး အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂ ရက် နံနက်(၉)နာရီခွဲအချိန်က ကင်းတော်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ဗျူဟာအခြေချ(ခန္တီး)မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးသက်ထူးစံက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုအောင်က အမှာစကားပြောကြားခဲ့သည်။
ထို့နောက်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦး က နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မွှေးကြူဇင်