မနီလာ အောက်တိုဘာ

ဖိလစ်ပိုင်သမ္မတဒူတာတေးသည် ၂၀၂ခုနှစ် ရွေးကောက်ပွဲတွင် ဒုတိယသမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ဘဲ နိုင်ငံရေးလောကမှ အနားယူတော့မည်ဖြစ်ကြောင်း ယနေ့ကြေညာခဲ့သည်။

တစ်ဆက်တည်းမှာပင် ဒူတာတေးက နိုင်ငံရေးလောကမှနုတ်ထွက်ရန် ဖိလစ်ပိုင် ပြည်သူများ၏ သဘောထားကို အရေးစိုက်ပါကြောင်း ထပ်မံပြောကြားသည်။

ဒူတာတေး၏ အာဏာရပါတီသည် ဒူတာတေးနှင့် အထက်လွှတ်တော်အမတ် ခရစ္စတိုဖာဂိုတို့ကို ဒုတိယသမ္မတနှင့် သမ္မတရာထူးနေရာအတွက် အသီးသီးအဆိုပြုခဲ့သည်။ ဒူတာတေးသည် ပါတီ၏အဆိုပြုချက်ကို ကနဦးက လက်ခံခဲ့သည်။ အထက်လွှတ်တော်အမတ် ခရစ္စတိုဖာဂိုကမူ ငြင်းဆိုခဲ့ကြောင်း သိရသည်။

ဒူတာတေးသည် ၂၀၁၆ ခုနှစ်မေလက ဖိလစ်ပိုင်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပြီး ၎င်း၏သမ္မတ ခြောက်နှစ်သက်တမ်းသည် လာမည့်နှစ်ဇွန်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ဖိလစ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတသည် သမ္မတခြောက်နှစ်သက်တမ်းတစ်ခုသာ တာဝန်ယူဆောင်ရွက်ရန် ကန့်သတ်ထားကြောင်း သိရသည်။

၂၀၂၂ နှစ် မေ ၉ ရက်တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများသည် ၎င်းတို့၏ ကိုယ်စားလှယ်လောင်း တင်သွင်းခွင့်ကို အောက်တိုဘာ ၁ ရက်မှ ၈ ရက်အထိ လျှောက်ထားနိုင်သည်။

ဖိလစ်ပိုင်နိုင်ငံ၏လက်ဝှေ့အကျော်အမော်နှင့် အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ပက်ကွီယိုလည်း ၂၀၂၂ သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ၎င်း၏ ကိုယ်စားလှယ်လောင်းတင်သွင်းခွင့်ကို အောက်တိုဘာ ၁ ရက်က တရားဝင်လျှောက်ထားပြီးဖြစ်ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ