ပွင့်ဖြူ အောက်တိုဘာ ၃

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်စံပြကျေးရွာအစီအစဉ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦး ရေစာရင်း ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို  အောက်တိုဘာ ၃ ရက် ၊ ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို နေ့ချင်းပြီး အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ရုံးသို့ သွားလာရန်အခက်အခဲရှိသော သက်ကြီးဘိုးဘွားများ ၊ မသန်စွမ်းသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် လာရောက်ရန်အခက်အခဲရှိသူများကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်၍ လိုအပ်သော အထောက်အထားများ စိစစ်ကာ စနစ်တကျ ပြုလုပ်ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ထံမှ သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )