လင်းခေး အောက်တိုဘာ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေး အတွက် Semi Lock Down ချထားသည့်နေရာများမှ ပြည်သူများအား ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ် စေတနာအလှူရှင်များနှင့် မြို့နယ် ကိုဗစ်ကော်မတီတို့ ပူးပေါင်းပြီး စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ် ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက စားဆီ (၃၂ ဒသမ ၅၀)ပိဿာ၊ ကြက်သွန်နီ (၆၀)ပိဿာ၊ ကြက်ဥ(၄၀၀)လုံး၊ လင်းခေးမြို့နယ် နမ့်ခုံး ရှမ်းများပရဟိတ(အသင်းခွဲ)က ဆန်(၅)အိတ်၊ မြို့နယ်မြေစာရင်း ဦးစီးဌာနမှူး ဦးကျော်ကျော်ဝင်းက ခေါက်ဆွဲ(၃၈)စည်းတို့ကို အဆိုပါ အိမ်ထောင်စု(၃၈)စု၊ လူဦးရေ(၁၂၄)ဦးတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
စိုင်းဇော်လတ်(လင်းခေး)