mdn

ပခုက္ကူ   အောက်တိုဘာ   ၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြို့မလမ်းအား နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းနှင့် ရေပိတ်လွှာ လောင်းခြင်း လုပ်ငန်းကို စက်တင်ဘာ ၂၀ ရက်မှစတင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။

ပခုက္ကူမြို့ပေါ်ရှိ လမ်းမကြီးများအား မြို့အင်္ဂါရပ်များနှင့်ကိုက်ညီစေရေး၊ ကတ္တရာအနိမ့်အမြင့် ညီစေရေးတို့အတွက် မြို့မလမ်းနှင့် ထင်းတန်းလမ်းဆုံမှ ရွှေချောင်းတံတား (၁)ထိပ်အထိ ငါးဖာလုံခန့်ရှိသည့် မြို့မလမ်းအား  နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းနှင့် ရေပိတ်လွှာ လောင်းခြင်းလုပ်ငန်းတို့ကို BOT စနစ်ဖြင့် ထွန်းညိုလူ ကုမ္ပဏီက တာဝန်ယူကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ ၆၀ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ် ကြောင်း ပခုက္ကူမြို့နယ် လမ်းဦးစီးဌာန မြို့နယ်မှူး ဒေါ်သန်းသန်းလဲ့က ပြောပြသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)