နေပြည်တော် အောက်တိုဘာ ၄  

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မောင်တောမြို့နယ်၊ ဇော်မတက်ကျေးရွာအုပ်စု၊ ကိုင်းကြီး ကျေးရွာနေ ရွှေကောင်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၃,၄၁၅  ပြား ကိုလည်းကောင်း၊ ထိုနေ့ နံနက် ၁၁ နာရီတွင် လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာအုပ်စု၊ မန်အိုင်ကျေးရွာ အနီးတွင် အားယုံ မောင်းနှင်ပြီး မလချာမီး (ခ) စုစု လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀ နှင့် ဘိန်းဖြူ သုည ဒသမ ၀၁ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက် စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းတည့် ၁၂ နာရီတွင် နမ့်ကျန်ကျူးကျေးရွာနေ ရန်ဝင်းဆွေ ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၂,၅၇၅ ပြား ကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၄ နာရီတွင် မိုင်းဆတ်မြို့နယ်၊ ဟိုနားကျေးရွာအုပ်စု၊ ဟိုနားကျေးရွာ အနီးတွင် ဝင်းမြင့်ဦး (ခ) အပေါ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။

 

ရဲပြန်ကြား