မောင်တော အောက်တိုဘာ ၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အောက်တိုဘာ ၄ ရက် ည ၁၁ နာရီခန့်တွင် ကညင်တန်းရပ်ကွက်အနီး၌ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၆၃၀ ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ လယ် ကွင်းအနီး စောင့်ဆိုင်းနေစဉ် ကညင်တန်းရပ်ကွက်၊ အနောက်လယ်ကွင်း လမ်းကြောင်းအတိုင်း ဓားရှည်များ ကိုင်ဆောင်ကာ ဖြတ်သန်းလာသော ရွှေဇားကျေးရွာနေ ဂျော်မီနှင့် ၎င်း၏သားဖြစ်သူ ဘူလာတို့ နှစ်ဦးအား တွေ့ ရှိ၍ မသင်္ကာသဖြင့် စစ်ဆေးရန် ခေါ်ယူရာ ၎င်းတို့နှစ်ဦးမှ အထုပ်အား ပစ်ချထွက်ပြေးခဲ့ပြီး အထုပ်များအား စစ်ဆေးရာ ဝါဘူသူအမည် ရခိုင်လုံချည်တံဆပ် အစိမ်းရောင် လက်ဆွဲကိုင်းပါ ကြွပ်ကြွပ်အိတ် တစ်လုံး၊ Mie mie တံဆိပ် အစိမ်းရောင် လက်ကိုင်းပါ ကြွပ်ကြွပ်အိတ်တစ်လုံးနှင့် အနက်ရောင် ကြွပ်ကြွပ်အိတ် တစ်လုံးတို့အား တွေ့ရှိခဲ့ပြီး သက်သေများရှေ့ ဖွင့်ဖောက်စစ်ဆေးရာ အိတ်များအတွင်းမှ မိုင်းခံစက္ကူဖြင့် ထုပ်ကာ အဝါရောင် တိပ်ဖြင့် ပတ်ထားသော ပါကင် အထုပ် သုံးထုပ်နှင့် ဖွင့်ထားသော အထုပ် တစ်ထုပ်တို့ အတွင်းမှ အပြာရောင် ကပ်ခွာအိတ် တစ်အိတ်လျှင် WY နှင့် R စာတမ်းပါ လိမ္မော်ရောင်ဆေးပြား ၁၈၅ ပြားစီပါ ၁၉၈ ထုပ်၊ စုစုပေါင်း ဆေးပြား ၃၆၆၃၀၊ အလေးချိန် ၃၆၆၃ ဂရမ်ခန့် (ဒေသကာလတန်ဖိုး တစ်ပြားလျှင် ငွေကျပ်၂၀၀၀ နှုန်းဖြင့် ငွေကျပ် ၇၃,၂၆၀၀၀၀) အား ရှာဖွေ တွေ့ရှိခဲ့ပြီး မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိကာ ရှာဖွေစစ်ဆေးစဉ် ထွက်ပြေးတိမ်ရှောင်သွားသူ ဂျော်မီနှင့် ၎င်း၏သားဖြစ်သူ ဘူလာ ရွှေဇားကျေးရွာ၊ မောင်တောမြို့နေသူ နှစ်ဦးအား မောင်တောမြို့မရဲစခန်းတွင် မယ(ပ)၁၂/၂၀၂၁ ၊ မူး/စိတ်ပုဒ်မ- ၁၉(က)/၂၁ အရ အမှုဖွင့်လှစ်ကာ ထွက်ပြေး တိမ်ရှောင်တရားခံများအား အမြန်ဆုံးဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေလ(မောင်တော)