mdn

မိုင်းယောင်း   အောက်တိုဘာ   ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် အောက်တိုဘာ ၄ ရက်က မုန်းလိုက်အုပ်စု၊ နမ့်ဆီလင်းကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ကျေးရွာစုပေါင်းခန်းမ မြေနေရာနှင့် ကျေးရွာတွင်းလမ်းများ စနစ်တကျ ပြန်လည်သတ်မှတ်ရေး၊ မီနီဘတ်ဂျက်တွင် ကျေးလက်လမ်းဦးစီးဌာနမှ ဆောင်ရွက်မည့် ဝမ်ဖ-နမ့်ဆီလင်းလမ်း(အရှည် သုံးမိုင်)အား လမ်းအူကြောင်း အတည်ပြုနိုင်ရေး စိစစ်ခြင်း စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး တစ်အိမ်ထောင်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask) တစ်ဘူးနှုန်းဖြင့် အိမ်‌ထောင်စု ၆၀ အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း