mdn

ဝါးခယ်မ   အောက်တိုဘာ   ၅

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပြည်သူ့ဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုး ဦးဆောင်၍ အဖွဲ့များခွဲကာ ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၄ ရက်က သဲကုန်းကျေးရွာအုပ်စုနှင့် ဇုက္ကနိကျေးရွာအုပ်စုတို့အား အဆိုပါရုံးတွင်လည်းကောင်း၊ ဖိုးခမှီဒေါင့်ကျေးရွာအုပ်စုအား ကျေးရွာအရောက် ကွင်းဆင်း၍လည်းကောင်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက် ၁၀ နှစ်ပြည့် ၂၇ ကတ်၊ အသက် ၁၈ နှစ်ပြည့် ၂၂ ကတ်နှင့် ရွှေပြောင်းအိမ်ထောင်စု ဦးရေစာရင်း ၃၂ ခု ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ဝါးခယ်မမြို့နယ်အတွင်း အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စောသန္တာဦး(ပြန်/ဆက်)