ဟိုပန်   အောက်တိုဘာ   ၅

ဟိုပန်မြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်း၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဟိုပန်ခရိုင်၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ တက် ရောက်ကြသည်။

အခမ်းအနားတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်က အဖွင့်အမှာစကားပြောကြားပြီး ပန်းခင်းစီမံချက်ဆိုင်ရာ လက်ကမ်းစာစောင်များကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များက လက်ခံရယူကြပြီး ဟာဖြတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျေးဇူးတင် စကားပြောကြားသည်။

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၌ ပန်းခင်းစီမံချက်ဖြင့်  အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရာတွင် ပထမအကြိမ်၌ ၁၃၃ ကတ်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဒုတိယအကြိမ်တွင် စံပြကျေးရွာအုပ်စုမှ ၅၅ ကတ်၊ မော်ဟွေ့ကျေးရွာအုပ်စုမှ ၃၈ ကတ်၊ ဟာဖြတ်ကျေးရွာအုပ်စုမှ ၂၂ ကတ်၊ မိန်းပန်းလွယ်ရပ်ကွက်မှ ၂၈ ကတ်၊ ခလရ(၁၄၃)မှ ၂၄ ကတ်၊ ပန်လုံမြို့ အမှတ်(၈)ရပ်ကွက်မှ ၃၂ ကတ် အသီးသီးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)