နေပြည်တော် အောက်တိုဘာ    ၅

 

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ကျပ် ၉၄၀ ဒသမ ၄၅၇ သန်းဖြင့် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံ၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်များတွင် ကျောက်လမ်း ၄ မိုင်၊ ကတ္တရာလမ်း ၁ မိုင်၊ ကွန်ကရစ်လမ်း ၁ မိုင်၊ ၂၀ ပေ RC တံတား ၁ စင်း၊ Box Culvert ၄ စင်း၊ ကွန်ကရစ်ရေပြွန် ၂ စင်း၊ လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ၂ ခု၊ မြေထိန်း နံရံ ၂ ခု၊ စက်ရေတွင်း ၁ တွင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သည်။

 

ယခုအခါ လုပ်ငန်းများ သတ်မှတ်ချိန်အမီ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းနှင့် ဒေသတွင်းရှိ ကျေးရွာများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ဒေသထွက်ကုန်များ အချိန်မီ ပို့ဆောင်နိုင်ရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်  များစွာ အထောက်အကူပြုကြောင်း သိရသည်။  

ဂျိုင်းလော