ရန်ကုန် အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီတွင် ရန်ကင်းမြို့နယ်၊ (၈) ရပ်ကွက်၊ နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင်ဝန်ထမ်းအိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကြီးကြပ်၍ ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန် အမျိုးမျိုးတို့ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ဈေးသို့ သွားရောက်ရန် မလိုဘဲ နေအိမ်အနီး အလွယ်တကူ ဝယ်ယူနိုင်ရန် ရောင်းချပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဗဟန်းမြို့နယ် ကန်တော်ကြီး သဘာဝဥယျာဉ်တွင် ကန်ရေပြင် ကြည်လင်သန့်ရှင်းစေရေးအတွက် အင်းလျားကန်မှ ရေအား ကန်တော်ကြီး အတွင်းသို့ ဖိုးစိန်လမ်း ရေဝင်မြောင်းမှတဆင့် ရေသွင်းနေမှု၊ နုန်းများ၊ မှော်၊ ဒိုက်များအား Dredger စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းနေမှု၊ ကန်စပ်တစ်လျှောက် မြက်ပင်များ၊ အမှိုက်များ ရှင်းလင်းနေမှုကိုလည်းကောင်း၊ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်၌ ပန်းဥယျာဉ်နှင့်အားကစား ကွင်းများဌာနမှ ဆောင်ရွက်နေသော EM Bokashi မြေဩဇာ ထုတ်လုပ်ခြင်းအား သွားရောက်ကြည်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
သတင်းစဉ်