နေပြည်တော်၊ အောက်တိုဘာ ၅
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၄ ရက် နံနက် ၉ နာရီခွဲတွင် ဗန်းမော်မြို့၊ သာစည်ရပ်ကွက်၊ ဂေါ်လူဂမ်အောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရန်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁,၀၀၀ နှင့် ဘိန်းဖြူ သုည ဒသမ ၀၂ ကီလိုတို့ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၆ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ပေါက်တောကျေးရွာ အုပ်စု၊ ပေါက်တောကျေးရွာ အနီးတွင် သက်နိုင်ထွန်း (ခ) ကိုပိုင် မောင်းနှင်ပြီး အောင်မျိုးကို (ခ) အောင်ကြီး လိုက်ပါလာသည့် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ် ဆေးပြား ၅,၈၅၀ ကိုလည်းကောင်း။
ထို့အတူ ယင်းနေ့ နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ၅၉ လမ်းတွင် ဌေးအောင်ကျော် (ခ) ဖိုးဇော် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့်၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော၏ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား