mdn

ကျိုက်မရော   အောက်တိုဘာ   ၆

ကျိုက်မရောမြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ပန်းခင်းစီမံချက် Volunteer ရက်တိုသင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက ကျိုက်မရောမြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

သင်တန်းတွင် မြို့နယ်ဦးစီးမှူး ဦးကိုကိုလွင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့် ဒုတိယမြို့နယ်ဦးစီးမှူး ဦးစောကြည်လှိုင်ဌေးတို့က သင်တန်းပို့ချကာ အင်းကျေးရွာအုပ်စုမှ သင်တန်းသူ သင်တန်းသူ ၁၅ ဦး တက်ရောက်ခဲ့ကြသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)