ဂွ အောက်တိုဘာ ၆
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အရ ပြည်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သော လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် အောက်တိုဘာ ၅ ရက်က ဂွမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မကျေးငူကျေးရွာသို့ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်အရ မကျေးငူကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ရာ၌ အသက် ၁၀ နှစ်နှင့် ၁၆ နှစ်ကြား နိုင်ငံသား စိစစ်ရေးကတ်မရှိသူ ကိုးဦး၊ အသက် ၁၆ နှစ်နှင့်၁၈ နှစ်ကြား နိုင်ငံသား စိစစ်ရေးကတ်မရှိသူ လေးဦး၊ အသက် ၁၈ နှစ်အထက် နိုင်ငံသား စိစစ်ရေးကတ်မရှိသူ ၄၂ ဦးတို့အတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဦးစီးအရာရှိ ဦးလှချိုချိုထံမှ သိရှိရသည်။
ရွှေရည်ဝင်းကျော်