ဝါးခယ်မ   အောက်တိုဘာ  

 

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကကလကျေးရွာအုပ်စုရှိ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက အောက်တိုဘာ ၅ ရက်တွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

 

ဆောင်ရွက်ပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ် အသက် ၁၀ နှစ်ပြည့် ၁၆ ကတ်၊ အသက် ၁၈ နှစ်ပြည့် ကတ်၂၀၊ လဲလှယ် ၂၉ ကတ်၊ မိတ္တူ ၁၅ ကတ် စုစုပေါင်း ကတ် ၈၀နှင့် ရွှေပြောင်းအိမ်ထောင်စု ဦးရေစာရင်း တစ်ခုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

စောသန္တာဦး(ပြန်/ဆက်)