mdn

ဗန်းမောက်   အောက်တိုဘာ   ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ကံရွာအုပ်စု၊ အလယ်ရွာကျေးရွာအနီးရှိ အလယ်ရွာချောင်းကူးသစ်သားတံတားမှာ အောက်တိုဘာ ၅ ရက် ညနေပိုင်းက ဗန်းမောက်ချောင်း ရေကြီးရေလျှံမူကြောင့် ရေထဲမျောပါပျက်စီးသွားကြောင်း သိရသည်။

အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တောင်ကျရေများ ထိုးကျလာသဖြင့် ဗန်းမောက်ချောင်းတွင် ရေကြီးရေလျှံမူဖြစ်ပေါ်ခဲ့ကာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၅ ရက်က ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့သော အရှည် ပေ ၈၀၊ အကျယ် ၇ ပေနှင့် အမြင့် ၈ ပေရှိ အလယ်ရွာ ချောင်းကူးသစ်သားတံတားမှာ ရေထဲမျောပါ ပျက်စီးခဲ့ခြင်းဖြစ်သည်။

ခင်မောင်ဆွေ(မော်လူး)