နေပြည်တော် အောက်တိုဘာ ၆

နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၀၂၇၂   ဒဿမ   ၄၇၈ သန်းဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းတွင် လမ်း၊ တံတား၊ ရေ၊ မီးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်း မြေသားလမ်း ၃၄ မိုင် ၄ ဖာလုံ၊ ကတ္တရာလမ်း ၁ မိုင်၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၁၁ မိုင် ၅ ဒသမ ၅ ဖာလုံ၊ ကွန်ကရစ်လမ်း ၁ မိုင်၊ ကျောက်လမ်းပြုပြင် ထိန်းသိမ်းခြင်း ၆ မိုင်  ၆ ဖာလုံ၊ ၃၅ ပေ ကွန်ကရစ်တံတား  ၁ စင်း၊ ပေ ၃၀ ကွန်ကရစ်တံတား  ၁ စင်း၊ ပေ ၂၀ ကွန်ကရစ်တံတား  ၁ စင်း၊  ၁၀ ပေ ကွန်ကရစ်တံတား  ၁ စင်း၊ ပေ ၂၀၀ ဘေလီတံတား ၁ စင်း၊ Box Culvert ၂၈ စင်း၊ Pipe Culvert  ၃ စင်း၊ ကျောက်တောင် မိုင်းခွဲခြင်းလုပ်ငန်း ၁  ခု၊ လျှပ်စစ်မီးသွယ်တန်းခြင်း  ၁  ခု၊ ဆိုလာမီးတပ်ဆင်ခြင်း ၁၅၉ စုံ၊ သောက်သုံးရေ သွယ်တန်းခြင်း  ၂  မိုင်၊ သာသနာရေးလုပ်ငန်း  ၁ ခု၊ သဘာဝဘေးလုပ်ငန်း  ၁ ခု၊ ဂါလံ ၈၀၀ ဆန့် ရေစင်  ၁ ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း တောင်ကြီးမြို့၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ သိရသည်။

အဆိုပါ ဖွံ့ဖြိုးရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်း ပြည့်မီစွာ အချိန်မီပြီးစီးခြင်းမှာ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိခြင်းနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများမှ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်