သဲကုန်း အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အောက်တိုဘာ ၇ ရက် နံနက်ပိုင်းမှ စတင်ကာ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့၌ ရောင်းချပေးခဲ့သည်။
ရောင်းချပေးရာတွင် စားသုံးဆီ တစ်ပိသာလျှင် ၃၇၅၀ ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်လျှင် တစ်ပိဿာစီ စုစုပေါင်း ဆီပိဿာ ၅၀၀ ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့်အဖွဲ့က ရောင်းချပေးခဲ့ကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)