ကျိုင်းတုံ အောက်တိုဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၅ ရက်က လွယ်မွေကျေးရွာအုပ်စုရှိ ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုင်းတုံမြို့နယ် ဦးစီးမှူးရုံးမှ ခေတ္တမြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်ထွဋ်နှင့် ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်သူ ကိုးဦး၊ အသက် ၁၀ နှစ်ပြည့်မှ ၁၈ နှစ်ပြည့် လဲလှယ်သူ ၁၂ ဦး တို့ကို ဆောင်ရွက်ပေးပြီး မွေးတိုးများ ဖြည့်သွင်းပေးခြင်း၊ သေဆုံးစာရင်းများကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်ပေးခြင်းစသည်တို့ကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြသည်။
စိုင်းရွှေအောင်(ပြန်/ဆက်)