mdn

ကန်ကြီးထောင့်   အောက်တိုဘာ   ၇

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ ပန်းခင်းစီမံချက်အကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ဗီနိုင်းပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ လဝကမြို့နယ်ဦးစီးမှူး ဦးသန့်ဇင်နှင့် ဝန်ထမ်းများက ပုသိမ်-ရန်ကုန်ကားလမ်းဘေး ကန်ကြီးထောင့်မြို့အဝင် လမ်းဆုံ၌ ဗီနိုင်းပိုစတာအား စိုက်ထူပေးသည်။ ထို့နောက် ဝန်ထမ်းများက ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင် ၂၀၀ အား ခရီးသွားပြည်သူများထံ ဖြန့်ဝေပေးသည်။

လှမင်းထွဋ်(ပြန်/ဆက်)