တောင်ပြိုလက်ဝဲ   အောက်တိုဘာ   ၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ သာယာလှပစေရေးအတွက် အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်များ၊ အမှတ် ၃၊ ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်သားများ၊ ရပ်မိရပ်ဖများ စုပေါင်း၍ မြို့မစျေးနှင့် အနီးပတ်ဝန်းကျင်လမ်းများ၊ ဆေးရုံပတ်ဝန်းကျင်လမ်းများနှင့် ကားလမ်းမကြီး ဧရိယာများရှိ မြက်ပင်၊ ပေါင်းပင်၊ အမှိုက်သရိုက်များ၊ မိုးရေတိုက်စားမှုကြောင်း ပျက်စီးနေသည့် လူသွားလမ်းနေရာတို့အား မြေညှိခြင်း၊ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)