မြို့သစ် အောက်တိုဘာ ၇
မကွေးခရိုင်၊ မြို့သစ်မြို့ရှိ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိပြီး စပါး၊ နှမ်း၊ ပြောင်း၊ ငရုတ်နှင့် ကြက်သွန်တို့ကို ရာသီအလိုက် စိုက်ပျိုးကြရာ ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန် စျေးကောင်းရ၍ မိသားစုအဆင်ပြေ ကြောင်းသိရသည်။
မြို့သစ်မြို့နယ်ရှိ ငရုတ်စိုက်သူများအနေဖြင့် ပျိုးပင်များ စတင်စိုက်ပျိုးချိန်မှ တစ်လခန့်အကြာတွင် ပေါင်းပင်များ ရှင်းလင်းခြင်း၊ ပေါင်းသတ်ဆေး ဖျန်းခြင်းများ ဆောင်ရွက်၍ စိုက်ပျိုးလျက်ရှိသည်။ တောင်သူများအနေဖြင့် ငရုတ်ပင်များကို စိုက်ပျိုးပြီး နှစ်လပြည့်လျှင် ဆွတ်ခူးရောင်းချပြီး ယခု ငရုတ်သီးစျေးမှာ တစ်ပိဿာလျှင် ငွေကျပ် ၅၀၀ နှုန်းရောင်းချရသည့်အတွက် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)