mdn

မုဒုံ   အောက်တိုဘာ   ၇

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ အောက်တိုဘာ ၆ ရက်က မုဒုံမြို့နယ်၊ ကင်းချောင်းကျေးရွာရှိ စန္ဒီမာရာမအေးရိပ်သာ ဘုန်ကြီးကျောင်းဓမ္မရုံ၌  ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်များ အခမဲ့ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။ 

ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးအောင်မော်ကကြီးကြပ်၍ ဝန်ထမ်းများက ပြည်သူ ၁၀၀ ကျော်ကို နှစ်ရက်ကြာ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးသည်။

မုဒုံမြို့နယ်တွင် လူဦးရေ ၂၂၂၄၈ ဦး ပြုလုပ်ဆောင်ရွက်ပေးရန် လျာထားကြောင်းနှင့် အောက်တိုဘာ ၆ ရက်အထိ ပြည်သူ ၃၀၀၀ ကျော်ကို ကွင်းဆင်းဆောင်ရွက်ပြီး ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)