ရန်ကုန် အောက်တိုဘာ ၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း Mask Campaignနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးခြင်းလုပ်ငန်းများကို အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက မော်တင်ယာယီဈေးရှေ့၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒလ-ရန်ကုန် သမ္ဗန်ဖြင့် ဖြတ်သန်းသွားလာနေသော ပြည်သူများ၊ ဈေးသူ/ ဈေးသား များ၊ လမ်းသွားလမ်းလာပြည်သူများအား ပါးစပ်/နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်စေရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသော စည်းကမ်းချက်များကို သိရှိလိုက်နာစေရေး အသိပညာပေးခဲ့ပြီး ပါးစပ်/နှာခေါင်းစည်း(Mask) အခု ၁၅၀၀၀ကို အခမဲ့ဖြန့်ဝေပေးသည်။
ကျော်ဆန်းမြင့်