သံဖြူဇရပ် အောက်တိုဘာ ၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့့်် နိုင်ငံသား စိစစ်ရေးကတ်၊ အိမ်ထောင်စု လူဦးရေစာရင်းနှင့် လက်ကမ်း စာစောင် ဖြန့်ဝေခြင်းကို အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ မြမာလာကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ရာ လူဦးရေ စုစုပေါင်း ၉၀ အား ပြုလုပ်ပေးခဲ့ကြောင်းနှင့် ကျန်ရှိနေသည့်ကျေးရွာများသို့လည်း ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိ ဦးရဲလင်းအောင်ထံမှ သိရသည်။
သီတာဝင်း(ပြန်/ဆက်)