mdn

မုံရွာ   အောက်တိုဘာ   ၇

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် မိုးစပါးသတ်မှတ်လျာထားဧက ၁၈၂၅၀၀ ထက် ၃၃၃၃၅ ဧက ကျော်လွန်စိုက်ပျိုးပြီးစီးကြောင်း တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန အတည်ပြုစာရင်းအရ သိရသည်။

တိုင်းဒေသကြီးအတွင်း စစ်ကိုင်း၊ မုံရွာ၊ ယင်းမာပင်၊ ရွှေဘို၊ ကန့်ဘလူ၊ ကသာ၊ ကောလင်း၊ ကလေး၊ မော်လိုက်၊ တမူး၊ ခန္တီး စသည့်ခရိုင်များရှိ မြို့နယ်များနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့တွင် ဒေသခံပြည်သူများက မိုးကောင်းရေသောက်စနစ်၊ မြစ်ရေတင်စနစ်၊ ဆည်ရေသောက်စနစ်၊ ကန်ရေသောက်စနစ်တို့ဖြင့် (နွေ၊ မိုး၊ ဆောင်း) သုံးရာသီ နှစ်စဉ် မိုးစပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ အမျိုးမျိုး၊ ကြံ၊ ဝါ၊ စားဖိုဆောင်သီးနှံများနှင့် အခြားသီနှံမျိုးစုံတို့ကို လျာထားဧကထက် ကျော်လွန် စိုက်ပျိုးလျက်ရှိကြောင်း၊ ဒေသခံတောင်သူများ မိုးစပါးစိုက်ပျိုးရာတွင် အခက်အခဲမရှိစေရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူနည်းပညာပေး လုပ်ငန်းများကိုလည်း စဉ်ဆက်မပျက် မိတ်ဖက်ဌာနဆိုင်ရာများနဲ့ အတတ်ပညာရှင် အသိပညာရှင်များဖြင့် ပူးပေါင်း၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဆင့်ပွားအသိပညာပေး သင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကို အရှိန်အဟုန်မပျက်လုပ်ကိုင်လျက်ရှိကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းဦးက ပြောပြသည်။
 
စစ်ကိုင်းသတင်းဒေသကြီးအတွင်း ခရိုင်နှင့် မြို့နယ်များအလိုက် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးသီးနှံများ အုပ်စုအလိုက် လျာထားချက်ထက် ကျော်လွန်၍ စိုက်ပျိုးပြီးစီးမှုမှာ မိုးစပါး ၁၈၅၈၃၃၅ ဧက၊ ပဲ ၁၁၀၄၂၉၇ ဧက၊ ဆီထွက်သီးနှံ ၈၃၁၃၂၄ ဧက၊ ကြံ ၁၄၉၇၇၆ ဧက၊ ဝါ ၇၄၉၆၄ ဧက၊ စားဖိုဆောင်သီးနှံ ၈၁၆၈ ဧက၊ အခြားသီးနှံ ၁၃၃၃၅၇၆ ဧက စုစုပေါင်း ၅၃၆၀၄၄၀ ဧကတို့ဖြစ်ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)