မလှိုင် အောက်တိုဘာ ၇
နယူးဇီလန်အစိုးရ၏ အထောက်အပံ့ဖြင့် မလှိုင်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီဌာနနှင့် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့(OIE)တို့ ပူးပေါင်း၍ အဋ္ဌမအကြိမ်မြောက် ကျွဲ၊ နွား ခွာနာလျှာနာရောဂါ ကာကွယ်ဆေးများကို မလှိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၁၈ အုပ်စုသို့ အောက်တိုဘာ ၁ ရက်မှစတင်ကာ အခမဲ့ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးအား မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အဖွဲ့တစ်ဖွဲ့လျှင် ဆေးထိုးကျွမ်းကျင် ရှစ်ဦးဖြင့် ဖွဲ့စည်းထားသော ဆေးထိုးအဖွဲ့ နှစ်ဖွဲ့တို့က ကျေးရွာအုပ်စု ၁၈ အုပ်စု၊ ကျေးရွာပေါင်း ၃၆ ရွာရှိ ပိုင်ရှင် ၂၀၄၇ ဦးတို့၏ ကျွဲ၊ နွား ၉၄၃၆ ကောင်အား ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့သည်။ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက သိမ်ကုန်းကျေးရွာရှိ ကျွဲ၊ နွား ၄၉၀ အား ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာတင်စိုးနိုင်တို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အောင်ဌေး(မလှိုင်)