ဆင်ပေါင်ဝဲ အောက်တိုဘာ ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဆင်ပေါင်ဝဲမြို့နယ် ဦးစီးမှူးရုံးမှ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက ဇောင်ချမ်းတောင်ကျေးရွာအုပ်စု၊ ဇောင်ချမ်းတောင်ကျေးရွာတွင် ကျေးရွာရှိ မိသားစုဝင်များအား ဆောင်ရွက်ပေးခဲ့သည်။
ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်ဦးစီးမှူး ဦးသိန်းလွင်နှင့် ဝန်ထမ်းများက ပုံစံ၃(က) ၂၄ ဦး၊ ပုံစံ၆(က) သုံးဦး၊ ပုံစံ၃(က)မှ ၆(က)လဲလှယ်သူ ၂၇ ဦးနှင့် မိတ္တူ ၂၉ ဦး စုစုပေါင်း လူဦးရေ ၈၃ ဦး အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချိုချိုဝင်း