mdn

လွိုင်ကော်   အောက်တိုဘာ   ၇

၂၀၂၁-၂၀၂၂ ခုနှစ် ၆ လဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်းများအတွက် တင်ဒါလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးက “တင်ဒါလုပ်ငန်းများကို ဌာနဆိုင်ရာ အကြီးအကဲများက တာဝန်ယူပြီး ပြည်နယ်ဝန်ကြီးများ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သွားရန်၊ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်နယ်နှင့် ပြည်သူကိုဗဟိုပြုသည့် အကျိုးပြုလုပ်ငန်းများအား အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်၊ ဌာနဆိုင်အကြီးအကဲများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်သွားရန်”စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ကယားပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးက ဆွေးနွေးတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ခရိုင်(ပြန်/ဆက်)