နတ်မောက်   အောက်တိုဘာ   ၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များရရှိစေရန်     အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်နိုင်စေရန် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ် ပေးလျက်ရှိသည်။

ဆောင်ရွက်ပေးရာတွင် ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများမှ အိမ်ထောင်စုထဲတွင် မွေးဖွားသူ သားသမီး များ၏ အမည်စာရင်းတိုးခြင်း၊ သေဆုံးသူ မိဘဆွေမျိုးသားချင်းများ၏ အမည်စာရင်းပယ်ဖျက်ခြင်း၊ သီးခြား  အိမ်ထောင်စု ခွဲထွက်ခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်များ အသစ်ပြုလုပ်ပေးခြင်းနှင့် ပျောက်ဆုံး/ပျက်စီးသူ များအား လဲလှယ်ပေးခဲ့ရာ တစ်နေ့လျှင် လာရောက်ပြုလုပ်သူ ၂၇ ဦးကျော်ရှိကြောင်း သိရသည်။

လှဝင်း(ပြန်/ဆက်)