ဗန်းမော်   အောက်တိုဘာ   ၇

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် ဒေသခံပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဗန်းမော်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်ရှိ တောင်လေးလုံး ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဘောက်နော်နှင့် ဝန်ထမ်းများက ညောင်ပင်ရပ်ကွက်ရှိ ပြည်သူများအား အသက် ၁၀ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်အသစ် ဆောင်ရွက်ပေးခြင်း နှစ်ဦး၊ နိုင်ငံသား စိစစ်ရေးကတ် လဲလှယ် ကိုးဦး၊ နိုင်ငံသား စိစစ်ရေးကတ် မိတ္တူ ခုနစ်ဦးတို့အား လည်းကောင်း၊ အိမ်ထောင်စု လူဦးရေစာရင်း ပယ်ဖျက် ၁၄ စု၊  အိမ်ထောင်စု လူဦးရေစာရင်းမွေးတိုး ခုနစ်စု၊ အိမ်ထောင်စု လူဦးရေစာရင်းမိတ္တူ ၁၅ စုတို့ကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)