mdn

မြောက်ဦး   အောက်တိုဘာ   ၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်ရှိ ကျေးလက်နေ ပြည်သူများ နှစ်စဉ်နှစ်တိုင်း နွေရာသီ ရေပြတ်လပ်ရှားပါးမှု မရှိစေရေး၊ သောက်သုံးရေ ရှားပါးမှုမရှိစေရေးနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးတို့အတွက် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးချစ်မောင်နှင့် အဖွဲ့က စီမံကိန်းကျေးရွာများဖြစ်သည့် မောင်ရွှီကန်ကျေးရွာ၊ ပီပင်ရင်းကျေးရွာ၊ ရှာရှည်ပြင်စသော ကျေးရွာများရှိ ကျေးလက်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

မြောက်ဦးမြို့နယ်အတွင်း လက်ရှိဘဏ္ဍာနှစ်တွင် ကျေးလက်ရေပေးရေး လုပ်ငန်းများဖြစ်သော မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း ၁၃ ခု၊ မြေသားရေကန် အနက်နှိုက်ခြင်းနှင့် ခြံစည်းရိုးကာရံ ခြင်းလုပ်ငန်း ၃၁ ခု၊ လက်တူးရေတွင်း တူးဖော်ခြင်းလုပ်ငန်း တစ်ခု၊ ရေသန့်စင်စနစ်ဖြင့် ရေပေးဝေခြင်း လုပ်ငန်း လေးခု၊ အိမ်တိုင်ရာရောက် ရေပေဝေခြင်းလုပ်ငန်း နှစ်ခုနှင့် ရေကန်သန့်ရှင်းရေး လုပ်ငန်း တစ်ခုတို့အား ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေကျပ် သန်း ၉၁၄ ဒသမ ၉၇၁ ဖြင့် စီစဉ်ဆောင်ရွက် ပြီးစီးမှု အခြေအနေများအား  ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးရွာများအရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)