ကြို့ပင်ကောက်   အောက်တိုဘာ   ၈

ကြို့ပင်ကောက်မြို့၌ ပြည်သူများအား သက်သာသောဈေးဖြင့် စားသုံးဆီများ ရောင်းချပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်စည်ပင်သာယာရုံးရှေ့တွင် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကြို့ပင်ကောက်မြို့တွင် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil) တစ်ပိဿာလျှင် ငွေကျပ် ၆၀၀၀ ကျော်၊ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀ ဖြင့် ဝယ်ယူစားသုံးနေရသောကြောင့် ဆီတစ်ပိဿာလျှင် ၃၇၅၀ ကျပ်ဖြင့် တစ်အိမ်ထောင်လျှင် တစ်ပိဿာနှုန်း ရောင်းချပေးခြင်းဖြစ်ကြောင်း၊ စုစုပေါင်း ဆီပိဿာ ၅၀၀ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)