ရခိုင် အောက်တိုဘာ ၈
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန် ဦးဆောင်ကြီးကြပ်၍ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အောက်တိုဘာ ၇ ရက်တွင် ပန်းခင်းစီမံချက်ဖြင့် (၄)မိုင်ရပ်ကွက်ရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မောင်တောမြို့နယ်ရုံးမှ ဝန်ထမ်းများက လူဦးရေ ၅၃ ဦးအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် အသက် ၁၀ နှစ်ပြည့်၊ အသက် ၁၈ နှစ် ပြည့်ပြီးသူများအား နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင် လဲလှယ်ပေးခြင်း၊ ပျောက်ဆုံး ပျက်စီးသူများကို မိတ္တူပြုလုပ်ပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ပန်းခင်းစီမံချက် လှုပ်ရှားမှုအဖြစ် စတေကာနှင့် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)