မုံရွာ   အောက်တိုဘာ   ၈

စစ်ကိုင်းတိုင်းဒေသကြီး၌ ဟင်းသီးဟင်းရွက် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဝန်ထမ်းများ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတများ ရရှိစေ‌ရေးနှင့် စွမ်းဆောင်ရည်မြင့်မားစေရေး ရည်ရွယ်၍ အောက်တိုဘာ ၇ ရက်က Home Garden ဥယျာဉ်ခြံသစ်သီးဝလံပြပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းလှိုင်ဦးနှင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးဝန်ထမ်းများ  ကြည့်ရှုအားပေးခဲ့ကြသည်။

ဒေသထွက် Home Garden ဥယျာဉ်ခြံ သစ်သီးဝလံစိုက်ခင်းတွင် စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက်များအဖြစ် ဘူး၊ ရုံပတီး၊ ကန်စွန်း၊ ချဉ်ပေါင်၊ ခရမ်းအမျိုးမျိုး၊ မှို၊ ပြောင်းဖူး၊ ငရုတ်၊ ကြက်ဟင်းခါး၊ ကင်းမှုန်၊ ခဝဲ၊ ပင်စိမ်း၊ ပဲ တို့ကို စိုက်ပျိုးထားရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)