mdn

စစ်ကိုင်း   စက်တင်ဘာ   ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊  ရွှေဘိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်၊ ကျေးရွာများအရောက်  မေ ၃ ရက်မှ စတင်၍ ယနေ့အထိ နိုင်ငံသားစိစစ်ရေးကတ် ၈၃၇ ခုကို ဆောင်ရွက်ပေးပြီးဖြစ်သည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ရွှေဘိုမြို့နယ်တွင် မေ ၃ ရက်မှ ယနေ့အထိ မြို့နယ်အတွင်းရှိ တပ်ရင်း တပ်ဖွဲ့ ခြောက်ခု၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ  အသက် ၁၀ နှစ်နှင့် ၁၇ နှစ်ကြားရှိ ၁၁၀ ကိုလည်ကောင်း၊ အသက် ၁၈ နှစ်အထက် ၃၄၄ ဦးကိုလည်ကောင်း၊ အသက် ၁၀ နှစ်ပြည့်နှင့် အသက် ၁၈ နှစ်ပြည့် ကတ်ပြားလဲလှယ်သူ ၁၂၂ ဦးနှင့် ကတ်ပြား အပျောက်၊ ပျက်စီး ပြန်လျှောက်သူ ၂၆၁ ဦးတို့အား နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ကျန်းမာရေးဝန်ကြီးဌာမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးစံထွန်းအေး၏ ပြောပြချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)