ဟိုပန်   အောက်တိုဘာ   ၈

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် အောက်တိုဘာ ၇ ရက်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အစည်းအဝေးခန်းမတွင် ဟိုပန်မြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အား တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှု၊ ဓလေ့ထုံးတမ်းပွဲတော်များ ခွင့်ပြုပေးနေမှု၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ တောင်သူများ၏ အခက်အခဲများ၊ စိုက်ပျိုးရေးထွက်ကုန်သီးနှံများအား ပြည်ပသို့တင်ပို့နိုင်ရေး စသည်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ဟိုပန်မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေကျပ် ၅ သိန်းကို ပေးအပ်လှူဒါန်းရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးအောင်ကျော်စိုးက လက်ခံရယူပြီးဥက္ကဋ္ဌ ဦးညီနပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
 
ခရိုင်(ပြန်/ဆက်)