mdn

ပေါက်   အောက်တိုဘာ   ၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးစပါးရာသီ၌ တစ်ဧက  တင်း ၁၀၀ အထက်ထွက်ရှိရေး စံပြကွက် ဧက ၃၀ ကို ရွေးချယ်စိုက်ပျိုးထားကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ပေါက်မြို့ နယ်တွင် ကျေးရွာ သုံးရွာမှ တောင်သူ ၂၇ ဦး၏ ဧက ၃၀ ကို တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိပြီး လိုအပ်သော သွင်းအားစုများ၊ စိုက်ပျိုးစရိတ်များ ထောက်ပံ့ပေးအပ်ကာ မိုးစပါးတင်း ၁၀၀ အထက်ထွက်ရှိရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဥမ္မာကျော်(ပြန်/ဆက်)