ကရင် အောက်တိုဘာ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်၊ မြို့နယ် ဦးစီးမှူးရုံးက အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် ခရဲ(ကမ်းနား)ကျေးရွာအုပ်စု၌ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် နိုင်ငံသား စိစစ်ရေးကတ် ၇၅ ကတ်အား ဒေသခံပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး ဘားအံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အိန္နုကျေးရွာအုပ်စုအတွင်း ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်နိုင်ရေး ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)