mdn

ခန္တီး   အောက်တိုဘာ   ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ အောင်သာယာရပ်တွင် ရွက်ဖျန်းမြေဩဇာနှင့် သဘာဝပိုးပြေးဆေး လက်တွေ့အသုံးချခြင်း သရုပ်ပြပွဲကို အောက်တိုဘာ ၇ ရက်က ပြုလုပ်ရာ ခရိုင် မြို့နယ် ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သဘာဝပိုးပြေးဆေး ပြုလုပ်သုံစွဲနည်းများ၊ ရွက်ဖျန်းမြေဩဇာ အချိန်ကိုက် အချိုးကျ သုံးစွဲနည်းများကို လက်တွေ့သရုပ်ပြခဲ့သည်။ 

ဇေယျာ(ပြန်/ဆက်)