နွားထိုးကြီး အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်ကို ၃၃ ကေဗွီ ဓာတ်အားလိုင်းအား အဆင့်မြှင့်တင်၍ ၆၆ ကေဗွီ ဓာတ်အားလိုင်း လိုင်းသစ်ကြိုးဆွဲပြီး၍ နွားထိုးကြီးမြို့အား ၆၆ ဓာတ်အားလိုင်းဖြင့် အောက်တိုဘာ ၇ ရက်က လျှပ်စစ်မီး စတင်လွှတ်နေပြီဖြစ်ကြောင်း မြို့လျှပ်စစ်အင်ဂျင်နီယာ ဦးဆန်းလွင်ထွန်းထံမှ သိရသည်။
၆၆ ဓာတ်အားလိုင်းကို မိုင် ၂၀ ကွာဝေးသော မြင်းခြံမှတစ်ဆင့် လိုင်းကြိုးဆွဲ ပြီးစီး၍ နွားထိုးကြီးမြို့ကို လျှပ်စစ်မီးအဆင့်မြင့်တင်ခြင်းဖြစ်သည်။ နွားထိုးကြီးနယ်တွင် နွားထိုးကြီး 10MP ဓာတ်အားခွဲရုံ၊ ဝက်လူး 5MP ဓာတ်အားခွဲရုံနှင့် ပြင်စည် 5MP ဓာတ်အားခွဲရုံများဖြင့် ကျေးရွာ ၁၈၅ ရွာနှင့် ရပ်ကွက် (၈)ရပ်ကွက်ကို လျှပ်စစ်မီး ၂၄ နာရီ ပိုမိုမီးအားအပြည့်ပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဌေးမြင့်မောင်