မကွေး   အောက်တိုဘာ   ၈

မကွေတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသူရသွင်ကိုကိုတို့ လိုက်ပါကာ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက ပခုက္ကူမြို့သို့ ရောက်ရှိပြီး ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပခုက္ကူခရိုင်ရှိ မြို့နယ်များမှ ချည်ထည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်ကက ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ ဒေသတွင်း ချည်လိုအပ်မှုနှင့် ချည်ထည်လုပ်ငန်းရှင်များ၏ အခက်အခဲများ ဖြေရှင်းပေးနိုင်ရေး ရင်းနှီးပွင့်လင်စွာဆွေးနွေးပေးကြရန် ပြောကြားရာ ချည်ထည်လုပ်ငန်းရှင်များက ပြည်ပမှ တင်သွင်းလာသည့် ချည်များကို မန္တလေး၊ မုံရွာမြို့ကြီးများမှ တစ်ဆင့်ဝယ်ယူရကြောင်း၊ ချည်ဈေးနှုန်း မြင့်တက်လာသောကြောင့် ဒေသတွင်း ချည်မျိုးစုံလိုအပ်ချက်များ ဖြည့်ဆည်းပေးစေလိုကြောင်းနှင့် ဝါသီးနှံ အပါအဝင် အခြားသီးနှံမျိုးစုံ ဖြစ်ထွန်းအောင်မြင်စွာ စိုက်ပျိုးလုပ်ကိုင်နိုင်ရေး စိုက်ပျိုးရေများ ဖူလုံစွာရရှိရေး ဆောင်ရွက် ပေးစေလိုကြောင်းနှင့် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဒေသဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပခုက္ကူတက္ကသိုလ်သို့ ရောက်ရှိပြီး ဘက်စုံခန်းမတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က တက္ကသိုလ်သမိုင်း၊ ဝန်ထမ်း အင်အားစာရင်း၊ သင်ကြားပေးသည့် ဘာသာရပ်ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်လင်းတင်ပြပြီး တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားခဲ့ကာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် ကျောင်းတွင်းသန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပခုက္ကူပညာရေးဒီဂရီကောလိပ်တွင် တည်ဆောက်လျက်ရှိသည့် ၃ ထပ်စာသင်‌ဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေး ကုမ္ပဏီ၏ တာဝန်ရှိသူက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဆောင်ရွက်သည်။
ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၅) အထည်စက်ရုံ(ပခုက္ကူ)သို့ ရောက်ရှိပြီး စက်ရုံမှူး၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားကာ စက်ရုံလည်ပတ်နေမှုနှင့် အရည်အသွေးမြှင့် ချည်မျှင်ထုတ်လုပ်မှု တိုးတက်ရေးအတွက် ဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး စက်ရုံအတွင်း ချည်မျှင် ထုတ်လုပ်နေမှု အဆင့်ဆင့်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

မောင်ညီညာ(မကွေး)