mdn

ပျော်ဘွယ်   အောက်တိုဘာ   ၈

ပျော်ဘွယ်မြို့နယ်၌ အိမ်ထောင်စု လူဦးရေစာရင်းနှင့် မှတ်ပုံတင် အခမဲ့ဆောင်ရွက်ပေးနေသည့် ပန်းခင်း စီမံချက်အကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် အသိပညာပေး လက်ကမ်း စာစောင်များကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက ရန်ကုန်-မန္တလေး-ပျော်ဘွယ်-နတ်မောက် ကားလမ်းဆုံတွင် ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်များကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးထွန်းလွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)